Laurier
- Laurier အမျိုးသမီးလစဉ်သုံးသည် Japan နည်းပညာဖြင့် ခေတ်မှီနောက်ဆုံးပေါ်စက်များကိုသာ ၁၀ဝ% အသုံးပြုထားသောကြောင့် အမျိုးသမီးများ အသုံးပြုရာတွင် သန့်ရှင်းမှုနှင့်အတူ လုံခြုံစိတ်ချမှုကို တစ်ပါတည်း ရရှိစေပါတယ်။ လော်ရီအေးကို အသုံးပြုခြင်းဖြင့် မိန်းမကိုယ်နှင့်ဆီးလမ်းကြောင်း မှတစ်ဆင့် ကူးစပ်တတ်သော ရောဂါများအန္တရယ်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးသည့် အပြင် ရောဂါအန္တရယ်အတွက် စိတ်ပူစရာ မလိုတော့ပါ။
- လော်ရီအေးတွင် စွမ်းအားပြည့်လေးထောင့် မျက်နှာပြင် (Power Square) ပါရှိသည့်အတွက် စုပ်ယူအား မြန်ဆန်မှုကို (၂)ဆ ပိုမိုပေးစွမ်းနိုင်ပါတယ်။ ယိုစိမ့်ပေါက်ထွက်မှုကို ထိန့်လန့်၊ တုန်လှုပ်နေစရာမလိုဘဲ ကိုယ့်ကိုကိုယ် လုံခြုံမှုအပြည့်အဝ ရရှိစေပါတယ်။
- လော်ရီအေးတွင် ပါဝင်သော Wonder Gel & SE Fiber ရဲ့ အစွမ်းကြောင့် ခြောက်သွေ့မှုကို အခြားအမျိုးသမီး လစဉ်သုံး ပစ္စည်းများထက် ၅ဆ ပိုမိုပေးစွမ်းနိုင်ပါတယ်။ ရုတ်တရက် များပြားလာသော ဓမ္မတာစီးဆင်းမှုများကို စုပ်ယူရာတွင် မြန်ဆန်မှုကြောင့် စိုစိစိုစိခံစားမှုကို လုံးဝမဖြစ်ပေါ်စေတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရရှိစေပါတယ်။
- မျက်နှာပြင်ပေါ်တွင် ရာသီသွေးများ ကျန်ရှိမနေခြင်းကြောင့် ခြောက်သွေ့ သန့်ရှင်းမှုကို ခံစားစေနိုင်သည့်အပြင် တစ်နေ့တာလုံး သက်တောင့်သက်သာနှင့် ယုံကြည်စိတ်ချစွာ လှုပ်ရှားသွားလာနိုင်ပါတယ်။
နေ့သုံး
- အပါး (တောင်ပံ)
စကဒ်၊ စတော်ကင် စသည့် အတိုဝတ်တဲ့ အချိန်နှင့် ဘောင်းဘီဝတ်တဲ့ အချိန်မျိုးမှာ အပါး (တောင်ပံ) ကိုသုံးဖို့ သင့်တော်ပါတယ်။ - အထူ (တောင်ပံ)
အမျိုးသမီးများ နေ့ဘက်သုံးလျှင် အထူးသင့်လျော်ပါသည်။
ညသုံး
- လော်ရီအေး အမျိုးသမီးလစဉ်သုံးပစ္စည်း (ညသုံး)တွင် ဘေးအကာကျယ်ခြင်း၊ အရွယ်အစားရှည်လျားခြင်းနှင့် ပေါက်ထွက်ယိုစိမ့်မှုနှင့်အတူ သုံးဆင့်တားဆီးမှုများ ပါရှိပါသည်။ လော်ရီအေး အမျိုးသမီးလစဉ်သုံး (ညသုံး)ကို သုံးစွဲထားရင်း နူးညံ့မှု၊ ခြောက်သွေ့မှုနှင့်လုံခြုံမှုကို အပြည့်အဝ ရရှိသည့်အတွက် အိပ်စက်ရာတွင် သက်တောင့်သက်သာ ဖြစ်စေပါတယ်။
- လော်ရီအေး အမျိုးသမီး လစဉ်သုံးပစ္စည်း (ညသုံး) ဖြင့် တစ်ညတညလုံး ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပါပြီ။
- အမျိုးသမီးကြီးများနှင့် ဓမ္မတာစီးဆင်းမှုများသူများအတွက် ညသုံးအမျိုးအစားကို နေ့ဘက်တွင်လည်း အသုံးပြုနိုင်ပါသည်။